သရက်ချောင်းမြို့နယ်တွင် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာအုပ်စုကွင်း အမှတ်(၃၂၂-B)၊ ဦးပိုင်(၈၉)၊ ဧရိယာ (၅) ဧကရှိ တောင်သူဦးစိုးအောင်၏ လယ်မြေ၌ ယနေ့ နံနက်ပိုင်းက မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ရေးမြို့နယ်၌ မဲရုံ (၁၃၀) ရုံတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၂၃၀၀ ကျော် တို့အား တာဝန်ပေးအပ်လျာထားပြီး ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ထားရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များ တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် ကပ်ထားကြေညာ ထား ပြီးဖြစ်ရာ မဲစာရင်းတွင် မိမိအမည် ပါ/မပါ၊ မှန်/ မမှန်နှင့် မှတ်ပုံတင်နံပါတ်များ မှန်/မမှန် ပြည်သူများလာရောက်ကြည့်ရှုလျက် ရှိကြောင်းနှင့် မဲရုံအသီးသီးတို့တွင် မဲရုံဝန်ထမ်း (၂၃၀၀) ကျော်တာဝန်ပေးအပ်ရန် လျာထားကြောင်းသိရသည်။

မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင် (CBFQ) စောင့်ကြည့်နေရာတွင် Quarantine ဝင် ရောက် နေသူ (၃၅)ဦးအား ပထမအကြိမ်နှာခေါင်းတို့ပတ်(Swab)နမူနာများ ရယူ ပေးပို့

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နယ်မြေရပ်ခြားမှ ပြန်လည်ရောက်ရှိလာ သူများအား ကွမ်သဲ(အ.ထ.က)ကျောင်းတွင် အသွားအလာကန့်သတ်စောင့် ကြည့်ခြင်းဖြင့် Quarantine ဝင်ရောက်နေသူများအား ပထမအကြိမ်နှာခေါင်းတို့ပတ် (Swab)နမူနာများ ရယူခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါစင်တာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဓါတ်ခွဲနမူနာရယူ ခဲ့ကြောင်းသိရသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုကို ကျိုင်းတောင်းမြို့ရှိ မဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးမည့်သူများ၏ အမည်စာရင်းများ ကြေညာထားရှိမှုကို ကျိုင်းတောင်မြို့ရှိ မဲဆန္ဒရှင်များမှ မိမိတို့၏ မဲစာရင်းပါဝင်မှု ရှိ/မရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမတွင် ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ Seed Grower Association မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူ များ၏လယ်သို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် ဖြင့် ဆောင်ရွက်သည့် ကက်သာစံပြကျေးရွာရှိ တောင်သူ ဦးဘသန်း လယ်တွင် အောက်တိုဘာ(၈)ရက်နေ့၊ နံနက်ပိုင်းက Seed Grower Association မျိုးစေ့ထုတ်တောင်သူများ၊ အကျိုး ဆောင်တောင်သူများ၏ ဆင်းဧကရီ -၃ မျိုးစေ့ထုတ် စိုက်ခင်းများ သို့ ဒု-ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထ ဦးစီးမှူး ဦးဟွေလိယိုနှင့် ဒု-လ/ထ ဦးမှူးများက ကွင်းဆင်း၍ အကျိုးဆောင်တောင်သူ ခေါင်းဆောင်ကြီး ဦးသန်းဆွေးအား ပိုးမွှားကျရောက်မှု၊ ကြွက်ကျရောက်မှု သတိထားကားကွယ်ရန်နှင့် ပေါင်းမြက်နှင့် မျိုးကွဲများ ဖယ်ရှားရန် ပညာပေးဆွေးနွေးခဲ့ကြကြောင်း ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရ သည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ အထောက်ကူပြု ပစ္စည်းများနှင့် ကျန်းမာ‌ရေးအထောက်ကူပြုပစ္စည်းများကို  ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ညောင်ဦးမြို့နယ်တွင် Test Kit   ဖြင့်စစ်ဆေး

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ အခြားတိုင်း ဒေသကြီး/ပြည်နယ်ဘက်မှဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့်ယာဉ်နောက် လိုက်များအား ညောင်ဦးမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားမည့်ကုန်တင်ယာဉ်မောင်းများအား စစ်ဆေး ရေးစခန်းနှစ်နေရာတွင် Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများအား အောက်တိုဘာ၆ ရက်နေ့မှစတင်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီဖွင့်လှစ်ရောင်းချမှုရှိ/မရှိ စစ်ဆေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမို များပြားလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိခြင်းကို ယနေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့သည်။

နာဂဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့အဝင်၊ အထွက်ဂိတ်၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
Subscribe to