ချောက်မြို့နယ်မှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုTest Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေး

ချောက်  အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်() ရပ်ကွက်၊ ရွှေပုံတောင်ရပ်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်မှ ဖြတ်သန်း၀င်ရောက်လာသည့် ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ (၁၄)ဦးတို့အား ချက်ချင်းသိနိုင်ရန် RDT နည်းအရ Test kits စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို ယမန်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးထံမှ သိရသည်။

ထိုသို့စစ်ဆေးရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ကုန်စည်စီးဆင်းမှု အထောက်အကူဖြစ်စေရန်အတွက် ချောက်မြို့၊ နယ်ခြားစစ်ဆေးရေးဂိတ် ဖြစ်သည့် အမှတ်()ရွှေပုံတောင်ဂိတ်မှ ဖြတ်သန်း၀င်ရောက်လာသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ စုစုပေါင်း ၁၄ ဦး တို့စစ်ဆေးပေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်းနှင့် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ ထောက်ခံချက်များ တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မချို(ပြန်/ဆက်)