မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ (၁၀)နှစ်အောက် ကလေးငယ်များအားနို့ချိုတိုက်ကျွေးရေးအစီအစဉ်များဆောင်ရွက်ပေး

ဝမ်းတွင်း အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများရှိ အသက်(၁၀)နှစ်အောက်ကလေးငယ်များအားနို့ချိုတိုက်ကျွေးခြင်းအစီအစဉ်များကိုယမန်နေ့ညနေ(၃)နာရီအချိန်ကပဲခင်းကျော်ကျေးရွာအုပ်စု၊တမာကုန်းကျေးရွာဘုန်းတော်ကြီးသင်ပ ညာရေးကျောင်း တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်၊အ တွင်းရေးမှူးနှင့် အဖွဲ့ဝင််များမှဆရာတော်၊သံဃာတော်များအားဆန်၊ဆီ၊ခေါက်ဆွဲခြောက်များလှူဒါန်းခဲ့ပြီးအသက်(၁၀)နှစ်အောက်ကလေးငယ်(၂၁)ဦးတို့အားပဲနို့၊မုန့်နှင့်Maskများလှူ ဒါန်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍အမျိုးသမီးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များသည်တမာကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့်Community Based Facility Quarantine Centre အတွက် ခေါက်ဆွဲခြောက် နှင့်Maskများပေးအပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့မြို့နယ်အမျိုးသမီးကော်မတီဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးမျိူးတင့်နှင့်ကော်မတီဝင်များ  ၊မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာထားထား၊မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ဌာဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)