ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် Air Set အသေး(၂)လုံးနှင့် Oxygen Flow Meter များ လင်းလက်ပရဟိတ အသင်းသို့ လှူဒါန်း

ကျောက်တံတား အောက်တိုဘာ ၁၁

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှ လင်းလက် ပရဟိတ လူမှုကူညီရေးသို့ ယမန်​နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် Air Set အသေး(၂)လုံးနှင့် Oxygen Flow Meterများ​ ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာန အ​နေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ​​ စဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အ​ထောက်အကူ ဖြစ်​စေရန်အတွက် လင်းလက်ပရဟိတ လူမှုကူညီ​ရေးအသင်းသို့ လှူဒါန်း​ပေးရခြင်းဖြစ်​ကြောင်း သိရသည်။

ရွှေနန်း​မေ