ချောက် အောက်တိုဘာ ၁၁
ချောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာသုံးစိုက်ခင်းမှ ထွက်ရှိသော ထင်း၊ တိုင်၊ မျောလုံးများကို ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ယင်းကျေးရွာ စိုက်ခင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိူးထိုက်က “ယင်းကျေးရွာ စိုက်ခင်းကို ၂၀၀၀-၂၀၀၁ဘဏ္ဍာနှစ်က ဧက(၁၀၀)စတင် စိုက်ပျိုးတည်ထောင်ခဲ့ပြီး အခုဆို(၅)နှစ်ပြည့်မြောက်၍ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ၂၈ရက်နေ့က ကျေးရွာလူထုသို့ လွဲပြောင်းပေးအပ်ပါတယ် အခုဟာဆိုရင် ဧက(၁၀၀)ထဲ မှ(၂၅)ဧကစာရှိတဲ့ ထင်း(၅.၉၄)တန်၊ တိုင်(၇)လုံး၊ မျော(၂၅)လုံးကို ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်၊ အခုထုတ်ယူပြီးသော (၂၅)ဧကစာကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ယူကလစ်၊ မယ်ဇလီ၊ ရှား၊ ဝါးသစ်မျိုးများဖြင့် ပြန်လည် စိုက်ပျိုးပေးသွားမည်” ဟု ပြောကြားချက်အရ သိရသည်။
အဆိုပါ အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ ခရိုင်ရုံးတို့မှ တာဝန်ရှိသူများ၊ ချောက်မြို့နယ အုပ်ချူပ်ရေးမှူး၊ မြို့နယ်အပူပိုင်းဒေသ စိမ်လန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကဖြူကျေးရွာမှ ကျေးရွာပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မချို(ပြန်/ဆက်)