ကမာရွတ် အောက်တိုဘာ ၁၁
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center များတွင် primary contact များနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ထမင်းဗူး(၁၀၀)ဗူးအား အလှူရှင် The Idol Bar BBQ & Restaurant. မိသားစုမှလည်းကောင်း ၊ ရေသန့်ဘူး (UNIVERSAL)သောက်ရေသန့် ၁လီတာ (၁၂၀၀)ဘူးအား ကိုအောင်ဘိုဦး မိသားစုမှ လည်းကောင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အသီးသီး လာရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုအား မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)