အင်းစိန်မြို့နယ်၌ Quarantine Center(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့များနှင့် လူမှုရေးအသင်းများအတွက် အလှူငွေများ ပေးအပ်

ရန်ကုန်  အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များနှင့်လူမှုရေးအသင်းများအား အလှူငွေများကို ယမန်နေ့ နံနက်ပိုင်း က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည်စင်တာတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ နာယ ကများဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး(ဉက္ကဌ) ဦးဝင်းအောင်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ကူညီပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်း များ၊ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများ စုစုပေါင်းအဖွဲ့ (၁၃) ဖွဲ့တို့ကို ကျေးဇူး တင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလှူရှင် Bright Hand (ကုမ္ပဏီ)မိသာစုများမှ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ အား အလှူငွေကျပ်(၅)သိန်း၊ အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center(၅)ခုတွင် အချိန်ပြည့် လုပ်ဆောင်နေကြသော ပရဟိတအဖွဲ့နှင့် လူမှုရေးအသင်းများအား တစ်ဖွဲ့လျှင် ငွေကျပ်(၂)သိန်းစီ အသီးသီးပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)