အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံ့မှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ က္ကဋ္ဌ ဦးသိန်းသန်းနှင့်တာ ဝန်ရှိသူများသည် နံ့သာကုန်းရပ်ကွက်၊အဝေရာလမ်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းဖော်ခြင်း လုပ်ငန်းကို AE ဦး ဟန်ကျင်မှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းခွင်နှင့် ကမ်းနားအလယ်ရပ်ကွက်၊အ.ထ.က(၄)ကျောင်းရှေ့ Box Culvert မြောင်းဖော် အုတ်စီ၊မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း စဉ်များနှင့်ပတ် သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြုမှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် ကြို့ကုန်းအရှေ့ရပ်ကွက်၊(၁)လမ်း ဘေး ဝဲ/ယာတွင် မိုးရာ သီကာလ၌ ပေါက်နေသည့် မြက်များအား ရှင်းလင်းခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)