ရန်ကုန် အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကားပေါ်တွင် ကားဘက်ထရီဖြင့် အသုံးပြုသော ပိုးသတ်စက်(၂)လုံးကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရ သည်။
အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်းခွဲသည် ပိုးတွေ့လူနာ၊ထိတွေ့လူနာ၊သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိသော လူနာတင်အရေးပေါ်ကားများပေါ်တွင် တပ်ဆင် အသုံးပြုနိုင်ရန် ကားဘက်ထရီဖြင့် အသုံးပြုသော ပိုးသတ်စက်(၂)လုံးအား စော်ဘွား ကြီးကုန်းရပ် ကွက်၊ အုပ်စု(၇)၊ဓမ္မာရုံလမ်း၊အမှတ်(၈၆၆)နေ ဦးသိန်းဝင်း+ဒေါ်သန်းသန်းမြင့် နှင့်သမီး မရွှေအိမ်လင်း (ဧဝရတ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)မိသားစုနှင့် မြချောစင် (ကားပစ္စည်းဆိုင်)မိသားစုတို့မှ မိဘများအား အမှူးထား၍ ငွေကျပ်(၂)သိန်းခန့် တန်ဖိုးရှိ စက်တစ်လုံးစီကို လှူဒါန်းရာ ကြက်ခြေနီအသင်းခွဲ ဉက္ကဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့ မှူး ဦးနီထွန်းနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြား ခဲ့သည်။
ကြက်ခြေနီအသင်းခွဲ အနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့် အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်း ရှိ Quarantine Center(၅)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)