ညောင်လေးပင်မြို့နယ်ဆေးရုံတွင် ပထမဦးဆုံးစောင့်ရှောက်ကုသပေးထားသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြု
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပထမဦးဆုံး စောင့်ရှောက် ကုသပေးထားသည့် ပြွန်တန်ဆာမြို့မှ အသက်(၅၀)ကျော်အမျိုးသမီး ကိုဗစ်-၁၉ ပိုးတွေ့ လူနာမှာ ကျန်းမာရေးကောင်းမွန်၍ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၉)နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။