စာသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်း တင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ကော့သောင်း အောက်တိုဘာ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် စာသုံးရေးရာဦးစီးဌာန တို့ပူးပေါင်းကာ စာသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမမှာ ဆွေးနွေးရိုက်ကူး ခဲ့ကြောင်းသိရသည်။

ဆွေးနွေးရာတွင် ကော့သောင်းခရိုင် စာသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ က စာသုံးသူကာကွယ်ရေးဥပဒေပါအခန်းကဏ္ဍများ၊စားသုံးသူကာကွယ်ရေးဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ စီးပွားရေးလုပ်ငန်းရှင် ဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များရဲ့တာဝန်များ၊ စားသုံးသူများတောင်းဆိုနိုင် သည့်အခွင့်ရေးများ၊ နစ်နာသည့်စားသုံးသူများတိုင်ကြားနိုင်မည့်အခြေအနေများနှင့်တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်းအမှတ်အသား ဖေါ်ပြခြင်း ဆိုင်ရာသိသင့်သိထိုက်သည်များ၊ ကိုဗစ်၁၉ ထိန်းချုပ်မှုကာလအတွင်း စားသုံးသူများအားအကာကွယ်ပေးမှုအစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို အသိ ပညာပေး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်အား ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု ကာလအတွင်း အများပြည်သူ သိ ရှိလေ့လာနိုင်ဖို့ အွန်လိုင်း အသိပညာပေးလုပ်ငန်းအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ပြည်သူ့စာကြည့်တိုက် နှင့် အိုင်ပီအာဒီ ကော့သောင်း လူမှု ကွန်ယက် စာမျက်နှာများမှာ လွှင့်တင်ဖေါ်ပြပေး သွားမှာဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)