ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ရွှေ့ပြောင်းရသောအိမ်ထောင်စုများအတွက်‌ရွှေ့ပြောင်းစရိတ်နှင့်ရိက္ခာ ဖိုးငွေပေးအပ်

ပခုက္ကူ  အောက်တိုဘာ ၁၁

ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက် အိမ်‌ရွှေ့ပြောင်းရန် စရိတ်နှင့် ရိက္ခာဖိုးငွေပေးအပ်ပွဲကိုပခုက္ကူမြို့နယ် သဖန်းပင်ကျေးရွာနှင့် ထနောင်းကုန်း ကျေးရွာ တို့၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ကရုဏာလူမှုစည်းလုံးညီညွှတ်ရေး အသင်းမှ ဦးရဲကျော်ထက်က  ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် Cordaidအဖွဲ့အစည်း ထောက်ပံ့ပေးငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီးစနစ်တကျ‌ ရွှေ့ပြောင်းကြရန်နှင့် ကျေးရွာသဘာဝဘေး အန္တရာယ်လျော့ချရေး ကော်မတီအနေဖြင့် ဌာနဆိုင်ရာများအား အလှူရှင်အဖွဲ့အစည်းများနှင့်ကျေးရွာ လူထုကြားစနစ်တကျချိတ်ဆက် ဆောင်ရွက်ကြရန် ပြောကြားသည်။          

ဆက်လက်၍ သဖန်းပင်ကျေးရွာမှရွှေ့ပြောင်းရမည့် နေအိမ်၁၁လုံး၊အိမ်‌ထောင်စုဝင်၆၀ဦး၊ ထ‌နောင်း ကုန်း‌ကျေးရွာမှ‌နေ အိမ်၃လုံး၊ အိမ်‌ထောင်စုဝင်၁၁ ဦးတို့အတွက် တစ်အိမ်‌ရွှေ့ပြောင်း စရိတ်ကျပ်တစ်သိန်းစီနှင့် လူတစ်ဦး နှစ်ပတ်စာစားနပ်ရိက္ခာဖိုး ၇၅၀၀ကျပ်နှုန်းနှင့် နှာ‌ခေါင်းစည်း၊ handgelများ၊စုစုပေါင်း ငွေကျပ်သိန်း(၂၀)ဖိုး ခန့်လှူဒါန်းခဲ့သည်။

ပခုက္ကူမြို့နယ်သဖန်းပင်ကျေးရွာတွင်အိမ်ခြေ၉၅အိမ်ရှိပြီးယခုနှစ်အတွင်းဧရာဝတီမြစ်ရေတိုက်စား၍မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းနှင့်ဝေးရာသို့တစ်ရွာလုံးရွှေ့ပြောင်းရန်ဆောင်ရွက်လျက်ရှိ ကြောင်းသိရ သည်။

ကိုဇော်(ဓာတု)