ဟင်္သာတမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို အထူးကြပ်မတ် စစ်ဆေးလျက်ရှိ
ဟင်္သာတမြို့နယ် အတွင်းဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့အဝင်/အထွက်ဂိတ်များတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များက အထူးကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။