ရှင်ဗွေယန်မြို့ရှိ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့်လျာထားနေရာများနှင့်ဒုတိယအကြိမ် မဲစာရင်း ထုတ် ပြန် ကြေငြာမှုများအား တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှင်ဗွေယန် အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ရှင်ဗွေယန်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စု အတွင်းရှိ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် လျာထားနေရာများနှင့် ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာ ထားရှိမှုများအား ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်အောန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရှင်ဗွေယန်မြို့ မဲရုံဖွင့် လှစ်မည့် လျာထားနေရာ မဲရုံ(၈)ရုံ တို့ကိုကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်အမည်စာရင်း များကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန် ကြေညာထားရာတွင် ပြည်သူများကြည့်ရှုနိုင်စေရန် စနစ်တကျ ကပ်ထားခြင်း ရှိ/မရှိ၊ လာရောက်ကြည့်ရှုစစ်ဆေး ကြရန် နိုးဆော်စေခြင်း၊ မဲဆန္ဒရှင် အမည် စာရင်းထည့်သွင်းရန် တောင်းဆိုခြင်း၊ ပယ်ဖျက်ရန် ကန့်ကွက်ခြင်း၊ မှားယွင်းမှုကိုပြန်လည်​ ပြင်ဆင်ခြင်း၊ လျှောက်ထားခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးရန်နှင့် စနစ်တကျ မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိရန် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့ အဖွဲ့ဝင်များအား မှာကြားခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့များတွင် မဲဆန္ဒရှင်ပေါင်း (၆၄၄၂) ဦးရှိပြီး ပါတီ (၇) ခုမှ ကိုယ်စားလှယ် လောင်း (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်​ကြောင်း သိရ သည်။

လင်းသွယ်ဦး(ပြန်/ဆက်)