ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့ နေခြည် ဈေး၊ မြို့အဝင်စစ် ဆေးရေးဂိတ်၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များ၊ စား သောက်ဆိုင်များအား စစ်ဆေးကြပ်မတ်ခြင်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်

မြန်အောင် အောက်တိုဘာ ၁၁

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့ နေခြည်ဈေး၊ မြို့အဝင်စစ်‌ ဆေးရေးဂိတ်များ၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များ၊ စား သောက်ဆိုင်များအား ယနေ့နံနက်က မြို့နယ်အဆင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မှစစ်ဆေး ကြပ်မတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ်အဆင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်၍  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှု ဆောင်အရာရှိ ဒေါ်အေးမြတ်သူနှင့် အဖွဲ့ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူ ၊  မြိုနယ်ကျန်းမာရေးဌာန ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ နေခြည်ဈေး ကော်မတီတို့ ပါဝင်သော မြို့နယ်အဆင့်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များက မြန်အောင်မြို့ နေခြည်ဈေးအတွင်း ဈေးရောင်းဈေးဝယ်များ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာခြင်းရှိ/မရှိနှင့်Mask နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိပါက ယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ နှင့်လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များ၊ စားသောက်ဆိုင်များ(Take-Away)(ပါ ဆယ်) စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)