ဟားခါး အောက်တိုဘာ ၁၁
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ၃၀၀၊အနံပေ ၂၀၀ရှိ မာလ်ဆောမ်ကျေးရွာဘော်လုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘော လုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစား နှင့်ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။
အဆိုပါ ကျေးရွာဘော်လုံးကွင်းပြုပြင်ရာတွင် ကျွံကျသောမြေနေရာ မြေဖို့ခြင်း၊ မိုးရေတိုက်စား သောမြေနေရာပြုပြင်ခြင်းအပါအဝင် မြေကာနံရံတည်ဆောက်ခြင်းနှင့် ရေလွှဲမြောင်း တည် ဆောက်ခြင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ် သိန်း (၅၀)ဖြင့် ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာ ဘော်လုံးကွင်း ပြုပြင်ရေးကော်မတီမှ ပြုပြင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကျေးရွာဘော်လုံးကွင်းပြုပြင်မှု ၁၀၀ရာခိုင်နှုန်းပြီးစီး ခဲ့သည့် အတွက် ကျေးရွာနေပြည်သူများအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများနှင့်အားကစားပေါင်းစုံ ပြန်လည်ကျင်းပ နိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ အထူးဝမ်းမြောက်လျက်ရှိ ကြောင်း ဟားခါး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)