ရေကြည် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာနှင့် ကြိမ်ကျောင်း ကျေးရွာတို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါကျေးရွာအုပ်စုအတွင်းရှိ သွပ်မိုး၊ ထရံကာ၊ နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၀၀၀၀၀)ခန့်ဖြစ်ကြောင်း၊ လေပြင်း တိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ပြိုပျက်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် အိမ်ထောင်စုဝင်များအား ကျေးရွာ အတွင်းရှိ ဆွေမျိုးသားချင်းများ၏ နေအိမ်သို့ ယာယီပြောင်းရွှေ့ နေရာချထားခြင်းများကို သက်ဆိုင်ရာ ကျေးရွာ တာဝန် ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)