ကျုံပျော် အောက်တိုဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ၁၁ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်၍ ဈေးရောင်း ဈေးဝယ်သူ များတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး၊ Mask မတပ်ဆင် ပါက ဒါဏ်ကြေး သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးအတွင်း စစ်ဆေးခြင်းကို နေ့စဉ် ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် မြို့နယ်အတွင်းရှိ ဈေးများအားလုံးတွင် အခြေခံစားသောက်ကုန်များ ကိုသာ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရောင်းချခွင့်ပြုထားကာ အခြားဈေးဆိုင်များကို ရက်ကန့်သတ် ၍ ပိတ်သိမ်းထားကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)