မတူပီ အောက်တိုဘာ ၁၁
ချင်းပြည်နယ်၊ မတူပီမြို့တွင် ဝင်ရောက် ဖြတ်သန်းကြမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား မြို့အဝင်ဂိတ်များတွင် (RTD)Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု ရှိ /မရှိ စစ်ဆေးပြီးNegative အဖြေရသူများကိုသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။
မတူပီမြို့နယ်၊ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ (၉.၁၀.၂၀၂၀)ရက်နေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ အခြားပြည်နယ်၊ တိုင်း မှ ချင်းပြည်နယ် အတွင်းသို့ဝင်ရောက် လာသော ကုန်တင်ကားများ ၊ အုတ်၊သဲ၊ကျောက်တင်ကားများကို မင်းတပ် မြို့ အဝင်တွင်စစ်ဆးလျက် ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးခြင်းမပြုရသော ကားများအား မင်းတပ်လမ်း၊ မတူပီမြို့ အဝင်ဂိတ်တွင် စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရကြောင်းနှင့် (RTD)Test Kit ဖြင့် စစ်ဆေးမှု အတွက် တစ်ဦးလျှင်(၂၀၀၀၀ )ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ထံသိရသည်။
ခရိုင်(ပြန်/ဆက်)