ငပုတော အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာလအတွင်း စားသောက်နေထိုင်မှု အခက်အခဲရှိသည့် မြို့ပေါ်ရပ်ကွက်လေးခုမှ အိမ်ထောင်စု ၉၄ စုအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများမှ ဆန်များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ် လှူဒါန်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းငွေကျပ် ၈ သိန်း ၅ သောင်းရရှိခဲ့ပြီး လှူဒါန်းငွေဖြင့် ဆန်များ ဝယ်ယူကာ အိမ်ထောင်စု ၉၄ စုအား တစ်စုလျှင် ဆန် ၆ ပြည်နှုန်းဖြင့် ရပ်ကွက်နယ်မြေအလိုက် ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)