ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဘုတလင်မြို့နယ်အသင်း (ရန်ကုန်)မှ အလှူငွေများ ပေးအပ်လှူဒါန်း

ဘုတလင်  အောက်တိုဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဘုတလင်မြို့နယ်အသင်း(ရန်ကုန်)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံသို့ အလှူငွေများကို ယနေ့မနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဘုတလင်မြို့နယ်အသင်း(ရန်ကုန်) အမှုဆောင်အဖွဲ့ဝင်များကိုယ်စား မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးအောင်ခိုင်မျိုးက အလှူငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဟံထွန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က လက်ခံရ ယူခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဘုတလင်မြို့နယ်မှ အလှူရှင်များ၊ အဝေးရောက် ဘုတလင်ဇာတိသားများ၊ ဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့် လူမှုကူညီရေး အသင်းများက ပူးပေါင်းပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)