မရမ်းကုန်း အောက်တိုဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center များ တွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းငွေများနှင့် ပစ္စည်းများကို ဝိဇယာရာမကျောင်းဆရာတော်ဘဒ္ဒန္တဦးနန္ဒစာရက အလှူငွေ ကျပ် (၅)သိန်း၊ ဦးအာကာဟိန်း(ဧကရီ Hand Gel ထုတ်လုပ်ရေး)က ငွေကျပ် (၇)သိန်းတန်ဘိုးရှိ Mask အခုရေ (၂၅၀၀၀)၊ Hand Gel 500ml (၁၀၀)ဘူး၊ Hand Gel 100ml (၁၀၀)ဒါဇင်၊ ဦးမြင့်ကြည် မိသားစုမှ အလှူငွေကျပ် (၅)သိန်းနှင့် ဦးဝင်းနိုင်မိသားစုမှ အလှူငွေကျပ် (၁)သိန်းကျပ်တို့အား လာရောက် လှူဒါန်းကြရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)