ကာလိ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်နှင့် ပြဘုတ်တို့၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များတို့ကို ပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် ဆောင်ရွက်ပြသထားလျက် ရှိကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်များတွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များနှင့် ထင်မြင်ယူဆချက်များ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြုံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်ကျင့်ဝတ်များ၊ စနစ်တကျလက်ဆေးနည်း လမ်းညွှန်ချက်များ၊ ကိုရိုနာ ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ ဆိုင်ရာဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေးရုပ်ပုံများ စသည့် အသိပညာပေးအကြောင်းအရာများပါဝင်ပြီး ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူအတွက် အပြင်ထွက်သွား လာရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါများ မဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်များ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)