မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း ကျေးရွာ ၇ ရွာ၌ (၂၄) နာရီ လျှပ်စစ်အား ထပ်မံရရှိ

ချောက် အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ် အတွင်းရှိဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ကျေးရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် ပေးနှိင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် ချောက်မြို့နယ် အတွင်း ကျေးရွာ (၁၄၆)ရွာတွင် ယခု‌ ကျေးရွာ()ရွာ အပါအ၀င် ကျေးရွာ (၇၀) ရွာလျှပ် စစ်မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးဘတ်ဂျတ်ငွေဖြင့် မီးလင်းခဲ့‌သည့် ကျေးရွာ() ရွာမှာ ဂွေးပင်ကြီး၊ ဂွေးပင်လေး၊ ဖက်သန်းတော၊ ညောင်ကျပ်ပင်၊ ကျပ်ကန်ရွာသစ်၊ ညောင်ပင်စမ်း၊ ဂွေးချိုကျေးရွာတို့ဖြစ်သည်။ ထိုကျေးရွာများသို့ 11 KVA လိုင်း ၆မိုင်သွယ်တန်းခြင်းနှင့်100 KVA 200 KVA ထရန်စဖော်မာ လုံး တည်ဆောက်ပြီးစီးပြီး အိမ်ထောင်စု ၇၀၀ စုခန့် လျှပ်စစ်ဓာတ်အားရရှိခဲ့ကြောင်း ၊ယခင်လများကလည်း NEP စီမံကိန်းဖြင့် ကျေးရွာ (၁၅ )ရွာအိမ်ထောင်စု( ၁၃၀၀) စုခန့် လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး 11 KVA လိုင်း () မိုင် သွယ်တန်းခြင်းနှင့် 100 KVA 200 KVA ထရန်စဖော်မာ (၁၇) လုံး တည်ဆောက်ပြီး စီးခဲ့ပြီးဖြစ်‌ရာ ယခုဆိုရင်‌ ကျေးရွာ(၂၂)ရွာ လျှပ်စစ်ဓာတ်အားရရှိနေပြီဖြစ် ကြောင်း ၊၂၀၂၀ပြည့်နှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ကျေးရွာ(၁၅)ရွာ၊ NEPစီမံကိန်းမှ ကျေးရွာ(၁၅)ရွာ စုစုပေါင်း ကျေးရွာ(၃၀)ရွာကိုလည်း ချောက်မြို့နယ်     လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း‌ မြို့နယ်လျှပ်စစ် အင်ဂျင်နီ ယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးထက်‌အောင်နိုင် ပြောကြားချက်အရသိရသည်။

ကျော်မိုး(ပြန်/ဆက်)