စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Quarantine Centre များနှင့် lock down ချထား သော မိသားစုဝင်များကို ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များလှူဒါန်း

စမ်းချောင်း အောက်တိုဘာ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားသော Quarantine Center များနှင့် lockdown ချထားသော မိသားစု(၂၀)အတွက်  We Love Sanchaung နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များ စုပေါင်းပြီး ဆေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်(၉)မျိုးကို ယမန်နေ့ နေ့လယ်ပိုင်းက အိမ်ရှေ့အရောက် သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် We Love Sanchaung နှင့် စေတနာရှင်အလှူရှင်များ စုပေါင်းပြီး Quarantine Center မှ စောင့်ကြည့်လူနာများနှင့် စေတနာရှင်ဝန်ထမ်းများအတွက် ရေသန့်ဘူးများ ဆေးနှင့်ဆေးပစ္စည်းများကိုလည်းကောင်း၊ Lock down ဖြစ်သွားသော မိသားစု(၂၀)အတွက် တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံး၊ အာလူး ၁ ပိဿာ၊ ကြက်သွန် ၁ပိဿာ ကုလားပဲ(၅၀ သား)၊ ငါးသေတ္တာ ၅ ဘူး၊ ကြက်သားမှုန့် ၅ ထုပ်၊ ကော်ဖီမစ် ၁၀ ထုပ်၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ Pentene ခေါင်းလျှော်ရည်ဘူးသေး ၁ ဘူးဖြင့် စုစုပေါင်း ပစ္စည်း ၉ မျိုးကို အိမ်ထောင်စု ၂၀ သို့ အိမ်ရှေ့အရောက် လှူဒါန်းပေးခဲ့ပြီး ထိုသို့သော လှူဒါန်းမှုမျိုးကို We Love Sanchaung နှင့် မြို့နယ်အတွင်းရှိ အလှူရှင်များ ပူးပေါင်းကာ မကြာခဏ လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)