ပင်လောင်း အောက်တိုဘာ ၁၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မဲရုံသုံးပစ္စည်းများ ရောက်ရှိခွဲဝေနေခြင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက် မှ အောက်တိုဘာ ၁၄ ရက်အထိ ဒုတိယအကြိမ် ကြေညာ ထားသော မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ပင်လောင်းမြို့နယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုရန်ပစ္စည်းများ ရောက်ရှိခွဲဝေမှုအခြေအနေနှင့် ပင်လောင်းမြို့နယ် မင်္ဂလာကွက်သစ်ရပ်ကွက်နှင့် နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားသော မဲဆန္ဒရှင်စာရင်းအား လာရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
ရဲမင်းပိုင် (ပင်လောင်း)