ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပထမဆုံးပိုး တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၂)ဦးကို ယနေ့နံနက် ၁၀ နာရီက ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီထံမှ သိရသည်။
အဆိုပါပိုးတွေ့လူနာ (၂)ဦးမှာ ရန်ကုန်မြို့မှသာစည်ကျေးရွာသို့ စက်တင် ဘာလ ၂၁ ရက်နေ့မှ ပြန်လည်ရောက်ရှိလာကာ အထက-ခွဲကျောင်း၌ Facility Quarantine ဝင်ရောက်ခဲ့သူနှင့်ထိုင်းနိုင်ငံမှ လယ်ကြီးကိုင်းကျေးရွာသို့ စက်တင် ဘာလ ၂၅ ရက်နေ့ မှ ပြန်လည်ရောက်ရှိခဲ့ပြီး ဆင်ပေါင်ဝဲမြို့ မဟာစည်ကျောင်း၌ Facility Quarantine ဝင်ရောက်သူများဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဓာတ်ခွဲနမူနာ ယူစစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ဆေးကုသမှုခံ ယူခဲ့ရာ ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာမတွေ့ရဘဲ သတ်မှတ်ရက်ပြည့် မြောက်တာကြောင့် ဆေးရုံဆင်းခွင့်လက်မှတ်ထုတ်ပေးခဲ့ ပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မော်တော်ယာဉ်များဖြင့် နေအိမ် အရောက်ပေးပို့ခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရ မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)