လှိုင်းဘွဲ အောက်တိုဘာ ၁၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွီးလေးကျေးရွာ၌ မိုးစပါး Rs To Cs မျိုးစေ့ထုတ်စိုက်ခင်း (၁၅)ဧက ဆောင်ရွက်လျက်ရှိရာ မျိုးစေ့ထုတ်စိုက်ခင်း၌ ယမန်နေ့က မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံများက တောင်သူ များအား အသိပညာပေးခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းများကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက် ပေးကြောင်း သိရသည်။
အဆိုပါမျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းသည် စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ရရှိရေး အတွက် မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်း တစ်ရပ်ဖြစ်ပြီး မျိုးစေ့ထုတ် စိုက်ခင်း အားလုံး စပါးပင်သက်တမ်းအလိုက် (၃)ကြိမ် ဆောင်ရွက် ရမည်ဖြစ်ကာ ယခုမျိုးကွဲ နုတ်ပယ်ခြင်းမှာ ပန်းပွင့်ဆုံချိန် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)