မြဝတီ အောက်တိုဘာလ ၁၃
မြဝတီမြို့ဈေးများ၌ ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်း စည်းများ တပ်ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကျွန်းတောဈေး၊ ကြံခင်းစျေးနှင့် မိုးကုတ်ဈေးတို့တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေး ဝယ်သူများကို ကိုဗစ် - ၁၉ ရောဂါကင်းဝေး စေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများတပ် ဆင်ပြီးမှဝင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းကို စည်ပင်သာယာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းကို မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တို့က စျေးများရောင်းချလျက်ရှိသော စျေးသည်များ နှင့်စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှုရှိ/ မရှိ နေ့စဉ်ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်