မလှိုင်၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ မလှိုင်မြို့နယ်အတွက် ထောက်ပံ့သော အမှိုက်ပုံးများ ပြန်လည်ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။
ပေးအပ်ပွဲတွင် အမှိုက်ပုံးများကို မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေး၊ မီးပွိုင့်လမ်းဆုံ ၊ ကားဂိတ် စသည့်နေရာများနှင့် လူအများ ဝင်ထွက်သည့် ရုံးများတွင် ချထားပေးသွားမည် ဖြစ်ပြီး အမှိုက်စွန့်ပစ်ရန် မဟုတ်ပဲ အသုံးပြုပြီးသော MASK များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အတွက် ချထားပေးခြင်းဖြစ်ကြောင်း၊ အမှိုက်ပုံး တွင်MASK များသာစွန့်ပစ်ရန်ဟု စာသားရေးထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ရှင်းလင်း မှာကြားခဲ့သည် ။
ယင်းနောက် လူအများဝင်ထွက်သွားလာသည့် လွှတ်တော်ကိုယ်စားလှယ်များရုံး ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ပြည်သူ့ဆေးရုံ ၊မြို့နယ် စည်ပင်သာယာရေးကော်မတီရုံး ၊စီးပွားရေး ဘဏ် ၊ စိုက်ပျိုးရေးဘဏ် ၊လဝကရုံး ၊ ရပ်ကွက်ရုံး (၄)ရုံး စသည့် ရုံးများမှ တာဝန်ရှိ သူများထံ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှိုက်ပုံးများကို ထပ်မံ ဖြန့်ဝေပေးခဲ့သည် ။
တိုင်းဒသကြီးအစိုးရအဖွဲ့ရုံးမှ မလှိုင်မြို့နယ်အတွက် အသုံးပြုပြီးသော MASK များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံး(၃၄) ပုံး ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး လူအဝင်အထွက်များ သည့်ရုံးနှင့်လူစည်ကားရာနေရာများတွင်ချထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)