ပုဂံ၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့အတွင်း အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ အောက်တိုဘာ ၁၃ ရက်နေ့တွင် ဆောင်ရွက်နေကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံက ပြောကြားသည်။
ညောင်ဦးခရိုင် ပုဂံမြို့အတွင်းအများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစားပြုပြင်ထိန်းသိမ်းခြင်းအဖြစ် ဆွေးမြေ့လေးထောင့်ကွန်ကရစ်တိုင်များအား ကွန်ကရစ်ဓာတ်တိုင်အလုံးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ မိန်းကေဘယ်လ်ဝါယာကြိုးအသေးများအား အကြီးဖြင့်အစားထိုးလဲလှယ်ခြင်း၊ မိန်းခလုတ်အသေးများအား အကြီးဖြင့်လဲလှယ်ခြင်း၊ ဆွေး မြေ့သစ်သားလက် တန်းများအား သံလက်တန်းများဖြင့် လဲလှယ်ခြင်းနှင့်ကွဲအက်လောင်ကျွမ်းကြွေသီးများအား အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ရှင်းပြသည်။
အဆိုပါ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သာမန်ရန်ပုံငွေစာရင်းခေါင်းစဉ်အောက်မှကျခံဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်လျော့နည်းကျဆင်းပြီး၊ လျှပ်စစ်ဓာတ်အားကို စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထရန်စဖော်မာများ ချို့ယွင်းလောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ် ကြောင်းနှင့် စီမံချက်ချဆက်လက်ဆောင်ရွက်နေကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ပြောကြားသည်။
ကိုထိန်၊ KPD