မိုင်းဖြတ်မြို့၌ Facility Quarantine ဝင်နေသူခုနှစ်ဦးအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်များပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ဝင်နေသူ ခုနှစ်ဦအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်များ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃နာရီအချိန်ခန့် က အထက (မိုင်းဖြတ်)တွင် ပေးအပ်ခဲ့သည်။