အမရပူရမြို့နယ် မှန်တန်းရပ်ကွက် နန်းတော်ရာစံပြကွက်သစ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းကြောင့် နန်းရတနာစျေးအား ခေတ္တပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

အမရပူရ  အောက်တိုဘာ  ၁၃

အမရပူရမြို့နယ် မှန်တန်းရပ်ကွက် နန်းတော်ရာစံပြကွက်သစ် ကိုဗစ်-၁၉ ရောဂါ Positive များတွေ့ရှိခဲ့ခြင်း ကြောင့် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ခေတ္တယာယီ ပိတ်ထားသည့် နန်းရတနာစျေးကို ယမန်နေ့ နံနက်(၆)နာရီအချိန်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ နန်းရတနာစျေးကို စက်တင်ဘာလ (၁၂)ရက်နေ့တွင် နန်းတော်ရာစံပြကွက်သစ်တွင် ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိပြန့်ပွားခဲ့သဖြင့် ခေတ္တယာယီပိတ်ထားခဲ့ပါသည်။ ယခုအချိန်ခါ တွင် Positive တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သော မိသားစုများ Quarantine ဝင်ခဲ့သူများ ကျန်းမာရေးကောင်းမွန်၍ နေအိမ်များသို့ ပြန်လည်ရောက်ရှိပြီး ရောဂါပိုး တွေ့သူများ အနေနှင့်လည်း ဆေးရုံမှ ဆေးကုသမှုခံယူပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခဲကြပြီးဖြစ်သောကြောင့် Semi Lock Down Area အားဖွင့်လှစ်ပြီး Stay At Home အစီအစဉ်ဖြင့် နေထိုင်ကြရန် အသိပညာပေးပြောကြားခဲ့ကြပြီး အောက်တိုဘာလ (၁၂)ရက် နံနက် (၆)နာရီအချိန်မှ စ၍ နန်းရတနာစျေးကိုပြန်လည်ဖွင့်လှစ်ခဲ့သည်။
နန်းရတနာစျေးတွင်း စျေးရောင်းသူများအနေဖြင့် စားသောက်ကုန်ရောင်းချသည့် ဆိုင်များ ကိုသာ ပြန်လည်ရောင်းခွင့်ပြုပြီး ရောင်းချသူများ အနေဖြင့် Mask ၊ လက်အိပ်နှင့် Face Shield တပ်ဆင်ရောင်းချရန် စည်းကမ်းချထားခြင်းကို လိုက်နာမှုရှိမရှိနှင့် လိုက်လံ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးထွန်းလင်းစိုးနှင့် ဝန်ထမ်း များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမ ဒေါ်ညိုညိုဦး ၊ မှန်တန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းသိန်းနှင့်အဖွဲ့ဝင်များတို့က လိုက်လံ ကြည့်ရှုစစ်ဆေးပြီး Mask များကို အခမဲ့ ဝေငှခဲ့ကြသည်။
ဟိန်းထက်(အမရ)