ကျောက်တံခါးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်းနည်းပြများနှင့် သင်တန်းသား များအား   ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေး

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ ကွင်းနောက်ရပ်ကွက်၊ သနန္တနဓမ္မရိပ်သာ ဟိန္ဒူကျောင်းတွင် ဖွင့်လှစ်ထားသော ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတက်ရောက်နေသည့် သင်တန်း နည်းပြနှင့် သင်တန်းသားများ အားယမန်နေ့ကကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး အတည်ပြု ရယူရန်အတွက် အာခေါင်တို့ပတ်နှင့် နှာခေါင်း တို့ပတ်များ ရယူစစ်ဆေးခဲ့ကြောင်းသိရသည်။

လင်းခေးတွင် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာ စိုက်ထူခြင်း ကွင်းဆင်း ဆောင်ရွက်

၂ဝ၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေး အများပြည်သူတို့ “မိမိအခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ “ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း ၊မြေစိုက်ပိုစတာ စိုက်ထူခြင်းတို့ကို ယနေ့နံနက် ၇ နာရီက လင်းခေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ ရန်ကြီးအောင်ကျောင်းတိုက် အတက်လမ်းအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ရန်ကြီးအောင်ကျောင်းတိုက် အတက် လမ်းအား ပြန်လည် ပြုပြင်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လိပ်သိုမြို့ ပရဟိတလူမှု ကူညီရေး အသင်း(MR RESCUE) မှ လုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးခများ တစ်ဝက် လျှော့ချ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာ ဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးခများကို ယနေ့စ၍ တစ်ဝက်လျော့ချ ကောက်ခံခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးတာဝန်များ ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ယမန်နေ့ နံနက် ၁၀ နာရီ မှ ညနေပိုင်းအထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် RDT ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အထူးရဲသင်တန်းသားအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ

မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပက်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားလျက်ရှိသည်။

မိုင်းပျဉ်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာမဲဆန္ဒရှင်စာရင်း အသိပညာပေးပိုစတာများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာမဲဆန္ဒရှင်စာရင်း အသိပညာပေးပိုစတာ များနှင့် လက်ကမ်းစာစောင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများက ယနေ့နံနက် ၆ နာရီ က မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်      ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွေ့ဆိုင်းထားခဲ့သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်နေ့တွင် အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to