ကျွန်းစုမြို့တွင် မှုခင်းကျဆင်းရေး အသိပညာပေးခြင်း  (Talk Show) အစီအစဉ် ရိုက်ကူးဆောင်ရွက်

ကျွန်းစု၊ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ Online မှ အသိပညာရရှိရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ အသိပညာပေးခြင်း (Talk Show) အစီအစဉ်ကို ယမန်နေ့မနက်ပိုင်းက မြို့နယ် ပြန်/ဆက် ရုံးမှာ ရိုက်ကူးဆောင်ရွက်ခဲ့သည်။

အသိပညာပေး (Talk Show) အစီအစဉ်တွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန် (၆) ရပ်၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် သတင်းပေးမှုများကြောင့် မှုခင်းကျဆင်း‌ရေးတွင် များစွာအထောက်အကူပြုကြောင်းနှင့် မှုခင်းကျဆင်းရေးအတွက် ကျေးရွာ၊ ရပ်ကွက်များသို့ မှုခင်းနှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များ ပညာပေးဟောပြောပွဲခြင်းဖြင့် မှုခင်းများကျဆင်းနိုင်ကြောင်း စသည်တို့ကို ပြောကြား ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်ကို ကျွန်းစုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Account နှင့် Facebook page များတွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင် (ကျွန်းစု)