မင်္ဂလာဒုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်သူ (၈၀)ဦးအား RDT Test ဖြင့် ကိုဗစ် - ၁၉ ရောဂါ ပိုး ရှိ/ မရှိ စစ်ဆေး

မင်္ဂလာဒုံ  အောက်တိုဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် Community based Facility Quarantine Centre များ၌ အသွားအလာ  ကန့်သတ်စောင့်ကြည့်သူ (၈၀)ဦး၌ ကိုဗစ် - ၁၉ ရောဂါ ပိုး ရှိ/ မရှိ RDT Test ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာ ကန့်သတ်စောင့်ကြည်ရေးနေရာအသီးသီးတွင်   ရယူပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ အ−ထ−က (၃)ကျောင်းရှိ ကန့်သတ်စောင့်ကြည့်ရေးနေရာတွင် (၂၄) ဦး ၊ Asia Optical စက်ရုံ ဝန်ထမ်း primary contact (၅၆) ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် များအား RDT Test ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကရယူစစ်ဆေးရာ ပိုးတွေ့ လူနာ (၃၆) ဦးရှိကြောင်း သိရှိရပြီး ၎င်းတို့အားသက်ဆိုင်ရာ ကုသရေးစင်တာများသို့ ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်ဆက်)