ကျောက်ပန်းတောင်းမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရန် ကွင်းဆင်း စစ်ဆေးအသိပေး

ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အဝင်/အထွက် များ၌ ယာယီစစ်ဆေး ရေးဂိတ်များဖွင့်လှစ်၍  တိုင်းဒေသကြီးအတွင်း ဝင်ရောက်ဖြတ်သန်း မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို Test Kit ဖြင့် Swab ယူစစ်ဆေးလျှက်ရှိရာ၊ ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းအောင်က အဆိုပါ စစ်ဆေးရေးဂိတ်များသို့ ကွင်းဆင်းစစ်ဆေး၍ ဂိတ်တာဝန်ရှိသူများကို၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များကို အသိပေးရှင်းလင်းခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်ရန်အတွက် မန္တလေး တိုင်းဒေသ ကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၁)ရက်နေ့ ရက်စွဲပါစာ ဖြင့်ထုတ်ပြန်ထားရာတွင်၊ ညောင်ဦးခရိုင်မှ နေပြည်တော်၊ ရန်ကုန်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်မည့် ကုန်တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့်စစ်ဆေး၍ ကျန်းမာရေးကောင်းမွန်ကြောင်း(Swab Negative) ထောက်ခံစာ ထုတ်ပေးရန်။ မန္တလေးတိုင်း ဒေသကြီး အခြေပြုမှ မကွေးတိုင်းဒေသကြီးသို့ ဖြတ်သန်းသွားရောက် မည့် ကုန်တင်ယာဉ် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့်စစ်ဆေး၍ ကျန်းမာရေးကောင်း မွန်ကြောင်း (Swab Negative) ထောက်ခံစာထုတ်ပေးရန်။ မကွေးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ရေနံချောင်းမှတဆင့် မန္တလေးတိုင်းဒေသကြီး အခြေပြုသို့ ပြန်လည် ဝင်ရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များကို RDT Test Kit ဖြင့်စစ်ဆေး၍ ကျန်းမာရေးကောင်း မွန်ကြောင်း (Swab Negative) ထောက်ခံစာထုတ် ပေးရန်နှင့် မကွေးတိုင်းဒေသကြီး၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရေနံချောင်းမှ တဆင့် မန္တလေးတိုင်းဒေသကြီးသို့ လာရောက်မည့် ကုန်တင်ယာဉ်များနှင့် မန္တလေးတိုင်း ဒေသကြီးကို ဖြတ်သန်း၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွား ရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး ကောင်းမွန်ကြောင်း (Swab Negative) ထောက်ခံစာ ပါ/မပါ စစ်ဆေးပြီး၊ ပါရှိပါက ဖြတ်သန်းခွင့်ပြုရန်နှင့် မပါရှိပါက ဖြတ်သန်းခွင့်မပြုဘဲ မြို့နယ်/ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ထံသတင်းပို့ရန်တို့ပါရှိကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)