ညောင်ဦးမြို့ ကိုဗစ်-၁၉ ကုသရေးတွင်လိုအပ်သည့်နေရာသုံးနိုင်ရန်အတွက်အလှူငွေများ လာရောက် လှူဒါန်း

ညောင်ဦး  အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကိုဗစ်-၁၉ ကုသရေးတွင်လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းလက်ခံခြင်း အခမ်းအနားအား ညောင်ဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခရိုင်ခန်းမတွင် အောက်တိုဘာ ၁၃ရက်နေ့ နံနက် ၁၀နာရီအချိန်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များအသုံးပြနိုင်ရန်အတွက် အလှူရှင်များက လာရောက် လှူဒါန်းခဲ့ရာ ဦးဇော်ဝိတ် (ဟိုတယ် လုပ်ငန်းရှင်များအသင်း-ပုဂံဇုံ)က PPE ဝတ်စုံ (၁၀)စုံ၊ နှာခေါင်းစည်း ၅၀ခုပါ (၁၀)ဘူး၊ ညောင်ဦးခရိုင်/ မြို့နယ် ကျေးလက်လမ်းဦးစီးဌာန၊ ဝန်ထမ်းများက ကျပ်ခုနှစ်သိန်း(၇၀၀၀၀၀)ကျပ် ၊ ခရိုင်လမ်းဦးစီးဌာန၊ ဝန်ထမ်းများက ကျပ်ငါးသိန်း(၅၀၀၀၀၀)ကျပ်၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန၊တိုင်း-၁၁ ပုဂံမှ လေးသိန်း နှစ်သောင်း ကျပ်(၄၂၀၀၀၀)ကျပ်အား လာရောက်လှူဒါန်းကြရာ ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော် အုန်း (ခရိုင်အုပ်ချုပ်ရေးမှူး)နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး နှင့်ကုသရေး လုပ်ငန်းကော်မတီတာဝန်ရှိသူများကလက်ခံခဲ့ကြောင်းသိရကာ ဂုဏ်ပြုလက် မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။                    
ကိုထိန်၊KPD