မလှိုင်မြို့၌ အသုံးပြုပြီးသော MASK များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ‌ဖြန့်ဝေ    

မလှိုင်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ မလှိုင်မြို့နယ်အတွက် ထောက်ပံ့သော အမှိုက်ပုံးများ ပြန်လည်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

ပေးအပ်ပွဲတွင် အမှိုက်ပုံးများကို  မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဈေး ၊ မီးပွိုင့်လမ်းဆုံ ၊ ကားဂိတ် စသည့်နေရာများနှင့် လူအများဝင်ထွက်သည့် ရုံးများတွင် ချထားပေးသွားမည်ဖြစ်ပြီး အမှိုက်စွန့်ပစ်ရန် မဟုတ်ဘဲ အသုံးပြုပြီးသော MASK များကို စနစ် တကျစွန့်ပစ်နိုင်ရန် အတွက် ချထားပေးခြင်းဖြစ်ကြောင်း၊ အမှိုက်ပုံးတွင် MASK များသာစွန့်ပစ်ရန်ဟု စာသားရေးထားရန်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် လူအများဝင်ထွက်သွားလာသည့် လွှတ်တော်ကိုယ်စားလှယ်များရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၊ စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ လဝကရုံး၊ ရပ်ကွက်ရုံး (၄) ရုံး စသည့်ရုံးများမှ တာဝန်ရှိသူများထံ  မြို့နယ်အုပ်ချုပ်ရေးမှူးက အမှိုက်ပုံးများကို ထပ်မံဖြန့်ဝေပေးခဲ့သည်။   

တိုင်းဒသကြီးအစိုးရအဖွဲ့ရုံးမှ မလှိုင်မြို့နယ်အတွက် အသုံးပြုပြီးသော MASK များကို စနစ်တကျစွန့်ပစ်နိုင်ရန် အမှိုက်ပုံး (၃၄) ပုံး ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး လူအဝင်အထွက်များသည့်ရုံးနှင့်  လူစည်ကားရာနေရာများတွင် ချထားပေး သွားမည်ဖြစ်ကြောင်း သိရသည်။                                                        

အောင်ဌေး (မလှိုင်)