နောင်ချိုမြို့နယ်တွင် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးတာဝန်များကို ထမ်းဆောင်မည့် အထူးရဲသင်တန်းသား များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kitsဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က နောင်ချိုမြို့ မြနန်းတော်ဝင်ခန်းမ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့၊ သပြေညွန့်ကျေးရွာတွင် အားလုံးအကျုံးဝင်ပူးပေါင်းပါဝင်သော မဲဆန္ဒရှင် အသိပညာပေးသရုပ်ပြရှင်းလင်းဆွေးနွေးပွဲဆောင်ရွက်  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ သပြေညွန့်ကျေးရွာ၊ ဆူးပုတ်အိုင်ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့နံနက်က ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက်က ဦးဆောင်၍  အားလုံးအကျုံးဝင် ပူးပေါင်းပါဝင်သော   မဲဆန္ဒရှင်  အသိပညာပေးသရုပ်ပြဆွေးနွေးပွဲအစီအစဉ်တစ်ရပ်ပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

မြောင်းမြမြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Antigen Rapid Diagnostic Test Kit ဖြင့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(၁) ကျောင်း၌ စစ်‌ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌‌ခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံးအသီးသီးတွင် တာဝန် ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်(၃၁) ဦးအား ယမန်နေ့ည‌နေပိုင်းက ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလ ဆွမ်းအခက်အခဲရှိသော မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay at Home သတ်မှတ်ထားစဉ်ကာလ အတွင်း သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ We Love North Okkalapa ပရဟိတအဖွဲ့မှ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညပိုင်းက ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာနမှ ပြစ်ဒဏ်စေ့များအား လမ်းခရီးစရိတ်နှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လွယ်စီတုံစာသင်ကျောင်း၌ Quarantine ဝင်လျက်ရှိပြီး လာအိုနိုင်ငံမှ လွှဲပြောင်းပေးလာသော ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား ၂၆ ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာနမှ လမ်းခရီးစရိတ်များနှင့်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ခုနှစ် မိုးစပါးရာသီ၌ စိုက်ပျိုးခဲ့သည့် မိုးစပါးများ စတင်ရိတ် သိမ်းနေပြီးဖြစ်သဖြင့်

ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသူများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆိပ်ကြီးကျေးရွာရှိ ရွှေခရီး (စက်သုံးဆီအရောင်းဆိုင်) နှင့်Good Health(သောက်ရေသန့်စက်ရုံ)ပိုင်ရှင်မှယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိ သောအခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းသိရ သည်။

နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဒေသဦးစီးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်လျှက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် နတလ (AD) တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to