မြောင်းမြမြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Antigen Rapid Diagnostic Test Kit ဖြင့်စစ်ဆေး

မြောင်းမြ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်ပိုင်းက အ..က() ကျောင်း၌ စစ်‌ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင့်တင့်ကျော် ဦးဆောင်၍ အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၁၆၅)ဦးအနက် ပထမ​နေ့တွင် အထူးရဲသင်တန်းသား (၇၅)ဦးတို့၏ နှာခေါင်းတို့ပတ် နမူနာရယူ၍ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ သင်တန်းသား(၇၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းနှင့် ကျန်အထူးရဲသင်တန်းသား(၉၀)ဦးအား အောက်တိုဘာလ ၁၃ရက်နေ့တွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)