ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသူများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ကျောက်ကြီး အောက်တိုဘာ ၁၃ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆိပ်ကြီးကျေးရွာရှိ ရွှေခရီး (စက်သုံးဆီအရောင်းဆိုင်) နှင့်Good Health(သောက်ရေသန့်စက်ရုံ)ပိုင်ရှင်မှယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိ သောအခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းသိရ သည်။
လှူဒါန်းမှုမှာ မအူပင်ဆိပ်ကျေးရွာနှင့် ဆိပ်ကြီးကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော ဒေသခံပြည်သူ အိမ်ထောင်စုများအားဆန် (၆) ပြည်အိတ် (၁၀၁)အိတ်၊ ရေသန့် ၁လီတာ (၆)လုံးကဒ်(၁၀၁)ကဒ် ၊ ကြက်သွန်နီ(၅၀) သားထုတ်(၁၀၁)ထုတ် ၊ ဆီ ၁လီတာဗူး(၁၀၁)ဗူး ၊ ဆား(၅၀)သား ထုတ်(၁၀၁)ထုတ် စသည့်အခြေခံစားသောက်ကုန်များကို စက်သုံးဆီအရောင်းဆိုင်နှင့် သောက်ရေသန့်စက်ပိုင်ရှင် ဦးလွင်ဘိုဘိုကျော်နှင့် ဒေါ်ဝေဝေဖူး မိသားစု တို့မှလှူဒါန်းခြင်းဖြစ်သည်။
အဆိုပါလှူဒါန်းသောနေရာတွင် ကျောက်ကြီးမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်း ဦးဆောင် သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား လက်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခြင်းများ ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
K ခိုင် ပြန်/ဆက်