“ကိုဗစ်-၁၉ မပြန့်ပွားဖို့မိမိကစ၍ ကာကွယ်စို့ ” သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မံစီမြို့မစျေး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပြည်သူများထံသို့ “ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ ” သတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ အလှူငွေကျပ်သိန်း (၅၀) လာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ စိန်အန်ထော်နီဘုရားကျောင်း ဘုန်းတော်ကြီးများအဖွဲ့ ဂေါပကနှင့် အကျိုးတော်ဆောင်အဖွဲ့ဝင်များမှ အလှူငွေကျပ် သိန်း(၅၀) လှူဒါန်းခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းသာမြို့တွင် Stay at Home ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသော ပြည်သူများ အတွက် ဖြေရှင်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ချောင်းသာမြို့တွင် Stay at Home ကာလအတွင်း အမှန်တကယ် အခက်အခဲဖြစ်နေသော ပြည်သူများ အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ချောင်းသာဒေသ လုံခြုံရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကို စုပေါင်း ကာကွယ်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက ချောင်းသာ မြို့စုပေါင်းရုံး အစည်းအဝေး ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ခြင်များ ပေါက်ဖွားမှု မရှိစေရန်နှင့် ဈေးရောင်းသူ၊ဈေးဝယ်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်

ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်၁၉ ပိုးတွေ့လူနာသုံးဦးအား ကျန်းမာရေး ကောင်းမွန် သတ်မှတ်ရက်ပြည့်၍ ဆေးရုံမှ ဆင်းခွင့်ပြု

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းတွင် ပါဝင်သည့် လူနာများအနက်(၃)ဦးမှာ ဆေးကုသမှုခံယူခဲ့ရာ ကျန်းမာရေးကောင်းမွန် လာသဖြင့် သတ်မှတ်ရက်ပြည့်သည့် ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးစာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေးရုပ်ပုံစာစောင်များ ပြသထားရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေးရုပ်ပုံများ၊ စာစောင်များကို ယမန်နေ့နံနက်ပိုင်း ကစ၍ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ ၂၃ ဦး ၏ Swab နမူနာများ ဓာတ်ခွဲစစ်ဆေးရန် ကျိုင်းတုံမြို့သို့ သွားရောက်ပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၂၃) ဦး ၏ Swab နမူနာများအား ဓာတ်ခွဲစစ်ဆေးရန် ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့သို့ သွားရောက်ပို့ဆောင်လျက်ရှိကြောင်းသိရသည်။
Subscribe to