ဂန့်ဂေါမြို့နယ် နည်းပညာပြန့်ပွားရေးစင်တာတွင် လျှပ်စစ်မီးသုံးစွဲနိုင်ပြီ

NEP အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာသို့ နိုင်ငံတော်လျှပ်စစ်ဓါတ်အားစနစ် ရောက်ရှိနေပြီဖြစ်ရာ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး နည်းပညာပေး လုပ်ငန်းများ ပိုမို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားသည့် တောင်ခင် ရန်းကျေးရွာ နည်းပညာ ပြန့်ပွားရေးစင်တာသို့ ယမန်နေ့က လျှပ်စစ်မီးများ ချိတ်ဆွဲပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပင်လုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ၂၀၂၀ပြည့်နှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းရှိ အထူးရဲသင်တန်းသား (၈၁)ဦးတို့အား ယနေ့နံနက် (၈:၀၀)နာရီအချိန်ခန့် က သင်တန်းဖွင့်လှစ်ထားရှိရာ ကျေးလက်လူငယ်များပြုစုပျိုးထောင်ရေး သင်တန်းကျောင်း (ပင်လုံမြို့) ၌ ကိုဗစ်-၁၉ Antigen (RDT) Test ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ ပထမနေ့စာအိတ်များ ရောင်းချပေး

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ ပထမနေ့စာအိတ် (First-day Cover) များကို မြန်မာ့စာတိုက်လုပ်ငန်း သက်ဆိုင်ရာစာတိုက်များတွင် ယနေ့နံနက် ၉ နာရီခွဲက စတင်ရောင်းချပေးခဲ့သည်။

မဘိမ်းမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြို့မရပ်ကွက်၊ နမ့်ပုံးပုံးရပ်ကွက်၊ ဘ ဟဲကျေးရွာအုပ်၊ မလှိုင်ကုန်းကျေးရွာအုပ်စုနှင့် ငို့စင်ကျေးရွာအုပ်စုရှိ မန်ကင်ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော ဆင်းဧကရီ-၃ မိုးစပါး(Rs to Cs) မျိုးစေ့ ထုတ်စိုက်ခင်းဧက(၁၂၀)ကို တောင်သူ ၄၅ ဦးက စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

အလုံမြို့နယ်ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီသို့ အလှူ​ငွေနှင့် ကာကွယ်​ရေး သုံးပစ္စည်းများလှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ယနေ့ နံနက်ပိုင်းက အလှူငွေများနှင့်ကာကွယ်​ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် အလှူရှင်အလုံမြို့နယ်​စော​ရှေ့ရပ်ကွက်ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲ ရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာကို အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီမှစတင် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့အထိ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ် -၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများသိရှိနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ပြသထားလျက် ရှိသည်။

ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို အလှူရှင်များမှ ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကမာရွတ်မြို့နယ် Quarantine Center များရှိ Primary Contact များအတွက် အထောက်အကူပြုပစ္စည်းများလာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှအခေါက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း အမှတ် (၅၄/၅၆)တက္ကသိုလ်ရိပ်သာလမ်း ၊ ဗဟန်းမြို့နယ်မှ  ကိုဗစ် -  ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြရန် လုံခြုံရေးဆိုင်ရာ သင်တန်းတက်ရောက်လျက်ရှိသည့် အထူးရဲများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Rapid Diagnostic Test (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ (၁၁)ရက်နေ့နှင့်(၁၂)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to