နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဒေသဦးစီးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

နမ့်ဆန်  အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၃၀၀)ဖြင့် ဆောင်ရွက်သည့် မန်ကန်ကျေးရွာအုပ်စု မန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလူထုများနှင့်တွေ့ဆုံရာ တောင်မကျေးရွာ၊ တောင်မဲကျေးရွာ၊ တောင်မမန်မိုင်ကျေးရွာ၊ တပ်မင်းသားကျေးရွာနှင့် လပိုင်းကျေးရွာများမှ မိဘပြည်သူများတို့က မိမိတို့၏ ကျေးရွာလိုအပ်ချက်များဖြစ်သည့် ကွန်ကရစ်လမ်း၊ တံတားတည်ဆောက်ရေး၊ စာသင်ကျောင်း မြေထိန်းနံရံနှင့် အခြားကျေးရွာအတွင်း လိုအပ်လျက်ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် တင်ပြတောင်းဆိုရာ တာဝန်ရှိသူများက ကျေးရွာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးရှင်းပြခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)