လှိုင်းဘွဲ၊ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်စန်းမြင့်က ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး ဥက္ကဋ္ဌ ဦးအောင်ငွေက စတင်ဖွဲ့စည်း ခဲ့မှုအခြေအနေ၊ ရည်ရွယ်ချက်၊ အကူအညီတောင်းခံခွင့်ရှိသူများအကြောင်းကို လည်းကောင်း၊ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး အတွင်းရေးမှူး ဦးစောစံလှညိုက လက်ရှိကာလမှာ ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့အနေဖြင့် အများဆုံးကူညီဆောင်ရွက်ပေးခဲ့သည့် အမှုအမျိုးအစားများအကြောင်းကို လည်းကောင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်ဦးရဲမြင့်က ဥပဒေဆိုင်ရာအထောက်အကူပေး ရေးအဖွဲ့၏ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေး နွေးခဲ့သည်။
အဆိုပါ ဥပဒေဆိုင်ရာအထောက်အကူပေးရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ဆွေးနွေး ဆောင်ရွက်သည့် အကြောင်းအရာများအား Online မှတစ်ဆင့် တင်ဆက်မှုများကို လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Hlaingbwe Page တို့တွင် ထုတ်လွှင့်ဖော်ပြပေးထားကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)