တာချီလိတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လွယ်စီတုံစာသင်ကျောင်း၌ Quarantine ဝင်လျက်ရှိပြီး လာအိုနိုင်ငံမှ လွှဲပြောင်းပေးလာသော ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား ၂၆ ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာနမှ လမ်းခရီးစရိတ်များနှင့်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အလုပ်အမှုဆောင်များ နှင့်တပ်ဖွဲ့မှူးတို့က ပေးအပ်ခဲ့ကြသည်။ ထောက်ပံ့ပစ္စည်းများတွင် စောင်၊ဆေးစိမ်ခြင်ထောင်နှင့် အဝတ်အထည်များ၊ လမ်းခရီးစရိတ်၊ စားစရိတ်များပါဝင်ပြီး မော်တော်ယာဉ်များဖြင့် မိမိနေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်စေ့အလုပ်သမားများကို Quarantine ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ ဓာတ်ခွဲအဖြေရလဒ်တွင် ရောဂါပိုးကူးစက်မှုမရှိကြောင်းသိရသဖြင့် ကျန်းမာရေး ထောက်ခံချက် စာရွက်စာတမ်းများနှင့်အတူ နေရပ်သို့ပြန်လည်စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)