သဲကုန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

သဲကုန်း    အောက်တိုဘာ    ၁၃


ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်      ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွေ့ဆိုင်းထားခဲ့သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်နေ့တွင် အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ သဲကုန်းမြို့နယ်အတွင်းရှိ (၁-၉-၂၀၁၀)မှ (၃၁-၈-၂၀၁၁) အတွင်းမွေးဖွားသူ မိန်းကလေးများ ကျန်းမာရေးဌာနသို့ကြိုတင်ဆက်သွယ်သတင်းပေးပို့ကြရန် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)