လိပ်သိုမြို့ ရန်ကြီးအောင်ကျောင်းတိုက် အတက်လမ်းအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်

လိပ်သို  အောက်တိုဘာ  ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ရန်ကြီးအောင်ကျောင်းတိုက် အတက် လမ်းအား ပြန်လည် ပြုပြင်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  လိပ်သိုမြို့ ပရဟိတလူမှု ကူညီရေး အသင်း(MR RESCUE) မှ လုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လိပ်သိုမြို့ ပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲ့၀င်များက မိုးရေ တိုက်စားမှုကြောင့် ပျက်စီးလျက်ရှိနေသော ရန်ကြီးအောင် ကျောင်းတိုက် အတက်လမ်းအား ပြန်လည် ပြုပြင်ခြင်း၊ ကျောက်စလစ်ခင်းကျင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
လိပ်သိုမြို့ရှိ ရန်ကြီးအောင်ကျောင်းတိုက် အတက်လမ်းသည် ယခင်က ကွန်ကရစ်များ ခင်းကျင်းထားသော်လည်း မိုးရေတိုက်စားမှုကြောင့် လမ်းသားများ ပဲ့ကျကာ ဘုရားဖူးမျှော် ရန်အတွက် သွားလာရခက်ခဲသောကြောင့် ယခုတစ်ဖန် ပြန်လည်ပြုပြင်ရခြင်း ဖြစ်ကြောင်း၊ ရန်ကြီးအောင် ကျောင်းတိုက်အတက်လမ်း ပေ ၂၅၀ အား ကျောက်စလစ်များခင်းပြီး ကွန်ကရစ်များ ပြန်လည်ခင်းကျင်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါလမ်း ပြန်လည် ပြုပြင် ပြီးပါက ဘုရားဖူးမျှော်သူပြည်သူများ အနေဖြင့်  သွားလာရေး ပိုမိုအဆင်ပြေသွားမည်ဖြစ် ကြောင်း  လိပ်သို မြို့ ပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင် ထံမှ သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)