သံတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီမှလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်

သံတောင်ကြီး              အောက်တိုဘာ  ၁၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းက ကိုဗစ်-၁၉ ရောဂါ သည် လျင်မြန်စွာကူးစက်ပျံ့နှံ့သည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် နှင့် အညီသွားလာကြရန် ၊ အပြင်ထွက်သည့် အခါတိုင်း mask တပ်ဆင်ကြရန် ၊ Quarantine   Centre များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး သံတောင်မြို့အုပ်ချုပ်ရေးမှူးဦးနေလင်းအောင်က မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်တွင်  လူအဝင်အထွက်များ   စနစ်တကျ မှတ်တမ်းထားရှိရန် ၊ ဈေးသည်များအနေဖြင့်   လှည့်လည်ရောင်းချခြင်း မပြုပဲ သတ်မှတ်ထားသည့်ဈေးဝင်း အတွင်းသာ ရောင်းချကြရန် အတွက် ဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက်    ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီများက နေရပ်ပြန်များအား Quarantine   Centre တွင် ထားရှိမည့်အစီအစဉ်များ၊ ပြည်သူများကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ လိုက်နာစေရေး အတွက် အသိပညာပေး နှိုးဆော်မှု ဆောင်ရွက်မည့် အစီအစဉ်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)